🙏🙏🙏ဝိပဿနာတရား အားထုတ်​လိုသူတို့အတွက်​ အ​ခြေခံ အပိုင်း(၃) 🙏🙏🙏 သံသရာမှလွတ်​ရာလွတ်​​ကြောင်း အကျင့်​​ကောင်း​တွေကို မြတ်​စွာဘုရားရှင်​သည်​ သူ​တော်​​ကောင်းတရားတည်​ရှိရာ အဆုံးအမတည်းဟူ​သော သာသနာ​တော်​၌ (၄၅)ဝါကာလပတ်​လုံး ​ဟောကြား​တော်​မူခဲ့၏။ သတ္တဝါတို့၏ အလိုအဇ္ဈာသယနှင့်​ လိုက်​​လျောညီ​ထွေဖြစ်​​စေမည့်​ ​ဒေသနာ​တော်​များကို ​ဟောကြား​တော်​မူခဲ့သည်​မှာ ပိဋကတ်​​ဒေသနာ အသီးသီး၌ ထင်​ရှားရှိ​ပေ၏။ ပဋ္ဌာန်း​ဒေသနာ​တော်​၌ ကုသိုလ်​စိတ်​ အကုသိုလ်​စိတ်​​တွေကို ဝိပဿနာရှုရန်​ ညွန်​ကြားခဲ့၏။သုတ္တာန်​ အဘိဓမ္မာ ​ဒေသနာ​တော်​များသည်​ တရားကျင့်​ကြံနှလုံးသွင်းပုံနှင့်​ သမုတိသစ္စာအမြင်​များကွယ်​​ပျောက်​​စေကာ ပရမတ္ထသစ္စာအမြင်​များ ဉာဏ်​ပညာတွင်​ ထင်​မြင်​လျှက်​ နိဗ္ဗာန်​ကို မဂ်​စိတ်​ဖြင့်​ အာရုံပြုပြီး ကိ​လေသာအားလုံးကို ပယ်​သတ်​ခုတ်​ဖြတ်​နိုင်​ရန်​ ​ဟောကြား​တော်​မူ​သော ​ဒေသနာချည်းသာ ဖြစ်​၏။ထို့​ကြောင့်​ ဓာတ်​​ခြောက်​ပါးကို အကျဉ်းသ​ဘောမျှ နားလည်​နိုင်​​စေရန်​ ​ဖော်​ပြလို​ပေသည်​။ (​ဆောင်​) ခက်​မာ,ယို​စေး၊ ပူ​အေး,​ထောက်​ကန်​၊ ရုပ်​မှန်​ပိုင်းဖြတ်​ ၊ အာရုံဓာတ်​ကို ၊ တပ်​အပ်​မြင်​သိ၊ဤသတ္တိ၊ မှတ်​ဘိလက္ခဏာ။ ဟူ​သော မင်းကွန်း ပဌမ ဓမ္မနာဒ ဆရာ​တော်​၏ လင်္ကာကိုသာ ဦးစွာ​ဖော်​ပြလိုပါ၏။ ဓာတ်​သဘာဝဖြင့်​ ​လောကကြီးတစ်​ခုလုံးကို ကြည့်​လျှင်​ ဓာတ်​​ခြောက်​ပါးသာ ရှိ​ကြောင်း သိမြင်​နိုင်​ပါ၏။ ၁။ပထဝီဓာတ်​၊ (​မြေ ဓာတ်​) ၂။အာ​ပေါ ၊ (​ရေ ဓာတ်​) ၃။တေ​ဇော ၊ (မီး ဓာတ်​) ၄။ဝါ​ယော ၊ (​လေ ဓာတ်​) ၅။အာကာသ ၊ ( ​ကောင်းကင်​ ဓာတ်​) ၆။ဝိညာဏဓာတ်​ ၊(အသိ ဓာတ်​) ဟူ၍ အကျဉ်းမျှသာ ​ဖော်​ပြလိုပါ၏။ ၁။ပထဝီ ​မြေဓာတ်​ဟူသည်​ အကြမ်း အနု ခက်​မာမှု သဘာဝများရှိ၏။ မာ,​ပျော့,ကြမ်း,​ချော,​လေး,​ပေါ့,ပထဝီဟူ၍ အတို​ကောက်​မှတ်​နိုင်​၏။မြေ ဓာတ်​၏ သ​ဘောသဘာဝသတ္တိသည်​ မာတဲ့သ​ဘော ​ပျော့တဲ့သ​ဘော ကြမ်းတမ်းတဲ့သ​ဘော ​လေးတဲ့သ​ဘော ​ပေါ့တဲ့သ​ဘော သဘာဝသတ္တိများရှိ၏။ ၂။အာ​ပေါ ​ရေဓာတ်​၏ သဘာဝသည်​ ယို​စေးမှု ဖွဲ့စည်းမှု သ​ဘောသဘာဝများရှိ၏။အ​စေးဓာတ်​သဘာဝပင်​ဖြစ်​၏။ ၃။တေ​ဇော မီးဓာတ်​သည်​ ပူမှု ​အေးမှု သ​ဘောသဘာဝသတ္တိရှိ၏။ ရက်​ချန်​ဖျားခြင်း ဆံဖြူသွားကျိုးဖြစ်​​အောင်​ ရင့်​​ရော်​​ဆွေး​မြေ့​စေခြင်း အပူ​လောင်​ခြင်း ဝမ်း၌ အစာအာဟာရကို ​ကျေကျက်​​စေခြင်းတို့သည်​ ​တေ​ဇော မီးဓာတ်​၏ သ​ဘောသတ္တိစွမ်းအင်​များပင်​ဖြစ်​၏။ ၄။ဝါ​ယော ​လေဓာတ်​ဟူသည်​ လှုပ်​ရှားခြင်း ​ထောက်​ကန်​ခြင်း ​ရွေ့​စေခြင်း အစွမ်းသတ္တိရှိ၏။မိမိတို့ကိုယ်​တွင်း၌ အ​ပေါ်သို့​လေအန်​ခြင်း၊​အောက်​သို့​လေစုန်​ခြင်း ၊ဝမ်းဗိုက်​ အူမအူသိမ်​ အင်္ဂါ​ခြေလက်​ကြီးငယ်​နှင့်​ ထွက်​သက်​ဝင်​သက်​တို့၌ တည်​ရှိ​နေ​သော​လေဟု ​လေ၏ အစွမ်းသတ္တိအမျိုးမျိုးရှိပုံကို နားလည်​နိုင်​ပါ၏။ ၅။အာကာသ ​ကောင်းကင်​ဓာတ်​ဟူသည်​ ရုပ်​နှစ်​ဆယ့်​ရှစ်​ပါးတွင်​ ပရိ​စ္ဆေဒရုပ်​ဟု​ခေါ်၏။မြေ ​ရေ ​လေ မီးဟူ​သော ဓာတ်​ကြီး​လေးပါးနှင့်​ အခြား​သော ဥပါဒါရုပ်​များကို သ​ဘောသဘာဝခြင်း မတူညီ​အောင်​ မ​ရောယှက်​နိုင်​​အောင်​ ပိုင်းခြားကန့်​သတ်​​ပေးနိုင်​​သော အစွမ်းသတ္တိရှိ၏။ ၆။ဝိညာဏ အသိဓာတ်​ဟူသည်​ အာရုံ​ခြောက်​ပါးကို အစိုးတရသိ​သော စိတ်​ပင်​ဖြစ်​၏။စိတ်​ဖြင့်​ကြံဆ၍ သိရ​သော အာရုံ​ခြောက်​ပါးကို အစိုးတရသိ၏။ကုသိုလ်​ အကုသိုလ်​ဖြစ်​​သောစိတ်​သည်​ ဝိညာဏ အသိဓာတ်​ပင်​ဖြစ်​​ကြောင်း သတိပြုအပ်​၏။ချမ်းသာ ဆင်းရဲခံစားမှုကို သိ​သော အသိသည်​လည်း ဝိဉာဏ ဓာတ်​ပင်​ဖြစ်​၏။ ၎င်းဓာတ်​​ခြောက်​ပါးကို ဝိပဿရှုဆင်​ခြင်​ရမည်​ဖြစ်​​ကြောင်း ပက္ကုသာတိမ​ထေရ်​ကို မဇ္ဈိမနိကာယ်​ ဥပရိပဏ္ဏာသ ဓာတုဝိဘင်္ဂသုတ်​တွင်​ အကျယ်​တဝင့်​ ​ဟောပြ​တော်​မူခဲ့၏။ဤ​နေရာ၌ ၎င်းဓာတ်​​ခြောက်​ပါးကို လက္ခဏာသုံးတန်​ဖြင့်​​သော်​၎င်း ​တော(၁၁)​တောဖြင့်​​သော်​၎င်း မိမိတို့ဉာဏ်​ထဲ သက်​ဝင်​သလို ဆင်​ခြင်​သုံးသပ်​နိုင်​​ပေသည်​။ 🌻🌻🌻ဓာတုဝိဘင်္ဂသုတ်​နှင့်​ ဝိသုဒ္ဓိမဂ်​ ဒုတိယတွဲ၌လာ​သော ဆင်​ခြင်​နည်းများ🌻🌻🌻 (ကျက်​ရန်​) နသ​တ္တော သတ္တဝါမဟုတ်​ နဇီ​ဝေါ အသက်​မဟုတ်​ နန​ရော လူမဟုတ်​ နမာဏ​ဝေါ လုလင်​မဟုတ်​ နဣတ္ထီ အမျိုးသမီးမဟုတ်​ နပုရိ​သော အမျိုးသားမဟုတ်​ နအတ္တာ ကိုယ်​​ကောင်​မဟုတ်​ နအတ္တနိယံ ကိုယ်​​ကောင်​၏ ဥစ္စာမဟုတ်​ နာဟံ ငါမဟုတ်​ နမမ. ငါ၏ ဥစ္စာမဟုတ်​ န​ကောစိ တစ်​စုံတစ်​​ယောက်​မဟုတ်​ နကဿစိ တစ်​စုံတစ်​​ယောက်​၏ ဥစ္စာမဟုတ်​ ၎င်း(၁၂)မျိုးဖြင့်​ ဆင်​ခြင်​၍လည်း ဝိပဿနာရှုနိုင်​ပါသည်​။ ( ဝိသုဒ္ဓိမဂ်​-၂ ၊နှာ-၂၉၃၊ပိုဒ်​-၇၆၄) ထိုဓာတ်​သဘာဝတို့သည်​ မိမိတို့၏ သန္တာန်​မှာ​သော်​၎င်း သူတစ်​ပါးသန္တာန်​မှာ​သော်​၎င်း ပြင်​ပ​လောက ဗဟိဒ္ဓမှာ​သော်​၎င်း ဖြစ်​​ပေါ်​နေကြ ဓာတ်​သဘာဝများပင်​ဖြစ်​၏။ ​မြေ ​ရေ ​လေ မီး ဓာတ်​ကြီး​လေးပါး၏ သဘာဝများ မိမိတို့သန္တာန်​မှာဖြစ်​​ပေါ်သည်​ကို ခွဲခြမ်းစိတ်​ဖြာလျှက်​ ဆင်​ခြင်​သုံးသပ်​မှုသည်​ စတုဓာတုဝဝတ္ထာန်​ကမ္မဋ္ဌာန်း နှလုံးသွင်းဆင်​ခြင်​ခြင်းပင်​ဖြစ်​၏။ဓာတ်​​လေးပါးကို ပိုင်းခြား​ဝေဖန်​​သော ကမ္မဋ္ဌာန်းဟု မြန်​မာလို နားလည်​နိုင်​ပါ၏။ရုပ်​ဝတ္ထုဒြပ်​တစ်​ခုစီတိုင်း၌ ​မြေ ​ရေ ​လေ မီး ဓာတ်​ကြီး​လေးပါးနှင့်​ အဆင်း အနံ့ အရသာ သြဇာဓာတ်​ဟူ​သော ရုပ်​ဓာတ်​ရှစ်​ပါးဖြစ်​​ကြောင်း သတိပြုသင့်​၏။မြေ ​ရေ ​လေ မီး အဆင်း အနံ့ အရသာ သြဇာဓာတ်​ဟူ​သော ၎င်းရုပ်​ဓာတ်​ ရှစ်​ပါးသည်​ အရာဝတ္ထု တစ်​ခုစီတိုင်း၌ တစ်​ပြားမှ မ​လျော့ပါး​ကြောင်း သတိပြုသင့်​၏။ ဥပမာအားဖြင့်​​ပြောရလျှင်​ အကျွန်ုပ်​တို့သန္တာန်​၌ရှိ​သော ဆံပင်​တစ်​မျှင်​သည်​ပင်​ ၎င်းရုပ်​ဓာတ်​ ရှစ်​ပါးရှိ၏။ထိုဆံပင်​သည်​ မာ​ပျော့ကြမ်း​ချော​လေး​ပေါ့ဟူ​သော ​မြေဓာတ်​ သဘာဝရှိသလို တစ်​ကွဲတစ်​ပြားစီမဖြစ်​​အောင်​ စုစည်း​ပေးထား​သော အ​စေးဓာတ်​သဘာဝ ​ရေဓာတ်​နှင့်​ ပူ​အေး မီးဓာတ်​သဘာဝ ​တောင့်​​တောင့်​တင်းတင်း လုံးလုံးဝန်းဝန်းဖြစ်​​အောင်​ ​ထောက်​ကန်​ ပံ့ပိုး​ပေးထား​သော ​လေဓာတ်​သဘာဝတို့ဖြစ်​ကြ၏။ထိုဓာတ်​ကြီး​လေးပါးကို အမှီပြုပြီး အဆင်း အနံ့ အရသာ သြဇာဓာတ်​ဟူ​သော ဥပါဒါရုပ်​​လေးပါးလည်း အတူတကွဖြစ်​ကြ၏။ ကွန်​မန့်​၌ဆက်​၍ကြည့်​ရှုရန်