🙏🙏🙏ဝိပဿနာတရား အားထုတ်​လိုသူတို့အတွက်​ အ​ခြေခံ အပိုင်း(၅) 🙏🙏🙏 မဟာသမုဒ္ဒရာအတွင်း၌ သွားလာ​နေ​သော လိပ်​ကန်းကြီးတစ်​​ကောင်​သည်​ နှစ်​​ပေါင်းတစ်​ရာကြာမြင့်​မှ ​ရေ​ပေါ်သို့​ပေါ်လာပြီး လှိုင်းကြမ်း​လေထန်​ထဲ၌ ​ရောက်​ချင်​ရာ​ရောက်​ ​မျောပါ​နေ​သော ထမ်းပိုး၏အ​ပေါက်​နှင့်​ လိပ်​၏ဦး​ခေါင်း စွပ်​မိဖို့ ခက်​ခဲသလို လူအဖြစ်​ကို ရခဲ​ကြောင်း လူဖြစ်​ဖို့မလွယ်​ကူ​ကြောင်း မြတ်​စွာဘုရား မိန့်​​တော်​မူခဲ့၏။ မြတ်​စွာဘုရား၏ အဆုံးအမသာသနာသည်​ ဖြစ်​​ပေါ်ခဲလှ၏။လူ့ဘဝကို ရခဲ့ပါ​သော်​လည်း သာသနာ​တော်​၏ အဆုံးအမကို ကြားနာခွင့်​ရခဲ၏။ကြားနာခွင့်​ရခဲ့ပါ​သော်​လည်း နားလည်​ခဲ၏။တရားဓမ္မ၏ ဆိုလိုချက်​ကို နားလည်​ပါ​သော်​လည်း ကျင့်​သုံးလိုက်​နာခဲလှ၏။ကျင့်​သုံးလိုက်​နာပါ​သော်​လည်း အရိယာတို့၏သစ္စာတရားကို ထိုးထွင်း၍ သိမြင်​ခဲလှ၏ဟုဆိုရ​ပေမည်​။ ကြုံ​ပေမယ့်​ကြိုက်​ခဲလှတဲ့ သာသနာ​တော်​၏ အဆုံးအမကို အကျွန်ုပ်​တို့တ​တွေ ရရှိခြင်းသည်​ အလွန်​ပင်​ကံ​ကောင်းလှ​ပေ၏။သာသနံ ပုညဝန္တဿ ပုညဝန္တာဝ လဗ္ဘ​ရေ ဟူ​သော ​ရှေး​ရှေးဆရာ​တော်​ကြီးများ ​ရေးသားသီကုံးအပ်​​သော ရစနာဂါထာ၏ အလိုဆန္ဒ အလိုအာ​ဘောဂအရ ဘုန်းကံကြီးမား​သော မြတ်​စွာဘုရားရှင်​၏ သာသနာ​တော်​ကြီးကို ဘုန်းကံကြီးမား​သောသူတို့သည်​သာလျှင်​ ချီးမြှင့်​​ထောက်​ပံ့ခြင်းငှါ ရရှိနိုင်​​ကြောင်း မိန့်​ဆိုခဲ့ကြ၏။ဘုန်းကံမရှိ​သောသူတို့သည်​သည်​ သာသနာ​တော်​ကြီးကို ချီးမြင့်​​ထောက်​ပံ့ခွင့်​ မရနိုင်​​ကြောင်း မိန့်​ဆို​တော်​မူကြ၏။ သာသနာ​တော်​၏ အဆုံးအမကို ကျင့်​သုံးလိုက်​နာခွင့်​ တရားဓမ္မအားထုတ်​ခွင့်​သည်​ ပို၍ ရခဲ​ကြောင်း မှတ်​ချက်​ပြုရ​ပေမည်​။အားထုတ်​မိ​သော တရားဓမ္မသည်​ မြတ်​စွာဘုရား ညွန်​ကြားချက်​အတိုင်း လိုက်​နာကျင့်​သုံးခွင့်​ရသူသည်​ အလွန်​ပင်​ရှားပါးလှ၏ဟု ဆိုချင်​ပါသည်​။ ဝိပဿနာတရား အားထုတ်​လိုသူသည်​ မိမိစိတ်​ကို ဆင်​ခြင်​သုံးသပ်​လိုက်​​သောအခါ ကုသိုလ်​စိတ်​ အကုသိုလ်​စိတ်​ တစ်​ခုခုဖြစ်​​ပေါ်​နေမှုကို သုံးသပ်​နိုင်​ပုံကို ​ရေးသားခဲ့ပြီးဖြစ်​၏။မြေ ​ရေ ​လေ မီး အဆင်း အနံ့ အရသာ သြဇာဓာတ်​ဟူ​သော ရုပ်​ဓာတ်​ရှစ်​ပါးသည်​ ရုပ်​ဝတ္ထုတိုင်း ရှစ်​ပါးစလုံးဖြစ်​​ကြောင်းကိုလည်း သတိ​ပေးခဲ့ပြီးဖြစ်​၏။ဤ​နေရာ၌ ခန္ဓာငါးပါးဖြင့်​ ခွဲခြားစိတ်​ဖြာမှုကို အသိ​ပေးလိုပါ၏။လူတစ်​ဦးတစ်​​ယောက်​သည်​ မြတ်​စွာဘုရားရှင်​နှင့်​ သံဃာ​တော်​များအား ဆွမ်းပန်း​ရေချမ်းကပ်​လှူမှု သို့မဟုတ်​ ကပ်​လှူချင်​​သောစိတ်​ တစ်​ခုခုဖြစ်​လာသည်​ကို သတိထားမိလျှင်​ ထိုသူ၏ သန္တာန်​၌ ကုသိုလ်​စိတ်​ဖြစ်​ခြင်းပင်​ဖြစ်​၏။ အကုသိုလ်​အရာ၌ လိုချင်​တပ်​မက်​မှု တစ်​ခုခု မ​ကျေနပ်​မှု အမှတ်​တမဲ့ ​နေထိုင်​မှုများဖြစ်​​ပေါ်လာလျှင်​ အကုသိုလ်​စိတ်​ဖြစ်​​ပေါ်​နေ​ကြောင်း အသိ​ပေးခဲ့ပြီးဖြစ်​၏။ကုသိုလ်​ဖြစ်​ခိုက်​ မိမိတို့၏ ရုပ်​သွင်​သည်​ ကြည်​လင်​၏။အကုသိုလ်​ဖြစ်​ခိုက်​ မိမိတို့၏ ရုပ်​သွင်​သည်​ မကြည်​လင်​​ပေ။စိတ်​​ကြောင့်​ မိမိတို့၏ ရုပ်​ အသွင်​သဏ္ဌာန်​ ​ပြောင်းလဲသွားရ၏။ထိုသို့​ပြောင်းလဲ ​ဖောက်​ပြန်​ခြင်းကို စိတ္တဇရုပ်​ဟု ဆို၏။စိတ်​​ကြောင့်​ဖြစ်​​သော ရုပ်​ဟု ​ခေါ်ဆို၏။မိမိတို့၏ သန္တာန်​၌ ဖြစ်​​သော စိတ်​အား​လျော်​စွာ ​ပြောင်းလဲ ​ဖောက်​ပြန်​​သော ပရမတ္ထသဘာဝ ရုပ်​အစုအ​ပေါင်းကို သတိထားဆင်​ခြင်​ကြည့်​လျှင်​ ရူပက္ခန္ဓာ၏ ဖြစ်​​ပေါ်မှုကို ဉာဏ်​တွင်​ ထင်​မြင်​ပါလိမ့်​မည်​။ကုသိုလ်​စိတ်​ဖြစ်​သဖြင့်​ ​ကောင်း​သောခံစားမှု သုခ​ဝေဒနာ ၊ အကုသိုလ်​စိတ်​ဖြစ်​သဖြင့်​ မ​ကောင်း​သော ခံစားမှု ဒုက္ခ​ဝေဒနာတို့ ဖြစ်​ကြ၏။ထို ခံစားမှု အစုအ​ပေါင်းသည်​ ​ဝေဒနက္ခန္ဓာပင်​ဖြစ်​၏။ထိုသုခ ဒုက္ခတို့ကို မှတ်​သားထားခြင်း အမှတ်​သညာအစုအ​ပေါင်းသည်​ သညက္ခန္ဓာပင်​ဖြစ်​၏။ထို​ဖောက်​ပြန်​မှု ရုပ်​အစု ခံစားမှု ​ဝေဒနာအစု မှတ်​သားမှု သညာအစုတို့နှင့်​အတူ ပြုပြင်​စီမံအစုအ​ပေါင်းကြီး ဖြစ်​​ပေါ်ခြင်းသည်​ သင်္ခါရက္ခန္ဓာပင်​ဖြစ်​၏။ဖောက်​ပြန်​ ခံစား မှတ်​သား ပြုပြင်​မှုတို့ကို သိခြင်းအစုအ​ပေါင်းသည်​ ဝိညာဏက္ခန္ဓာပင်​ဖြစ်​၏။ မိမိတို့အ​ကြောင်းအရာတစ်​ခုခုကို ​တွေး​တောကြံစည်​တိုင်း ခန္ဓာငါးပါးစလုံး တစ်​ပါးမှ မ​လျော့ပါးကြပါ။ထို ခန္ဓာငါးပါး မိမိတို့သန္တာန်​၌ မျက်​စိတစ်​မှိတ်​ လျှပ်​တပြက်​အတွင်း အကြိမ်​များစွာဖြစ်​သွားသည်​ကို သတိထားဆင်​ခြင်​ကြည့်​လျှင်​ မြင်​နိုင်​ပါ၏။ဝိပဿနာတရား အားထုတ်​လိုသူ ဓမ္မမိတ်​​ဆွေများ ဆင်​ခြင်​ရမည်​မှာ ​ဖောက်​ပြန်​မှုသဘာဝ ရုပ်​အစု ၊ ခံစားမှုသဘာဝ ​ဝေဒနာအစု ၊မှတ်​သားမှုသဘာဝ သညာအစု ၊ ပြုပြင်​စီမံမှုသဘာဝ သင်္ခါရအစု ၊ သိမှုသဘာဝစိတ်​ ဝိညာဉ်​အစုတို့ကို ဉာဏ်​၌ထင်​မြင်​​အောင်​ ဆင်​ခြင်​ရ​ပေမည်​။ ထိုသို့ ဆင်​ခြင်​လိုက်​​သောအခါ ထိုငါးပါး​သော ခန္ဓာတို့သည်​ ဖြစ်​ပြီးလျှင်​ ပျက်​စီးသွားကြ၏။ဖြစ်​ပြီးလျှင်​ ပျက်​စီးသွားပုံကို ဉာဏ်​၌ ထင်​မြင်​​အောင်​ ဆင်​ခြင်​ရ​ပေမည်​။ဤသို့ဉာဏ်​၌ထင်​မြင်​​အောင်​ ဆင်​ခြင်​ခြင်းသည်​ ဝိပဿနာ တရားအားထုတ်​မှုပင်​ဖြစ်​၏။ခန္ဓာငါးပါးတို့၏ ဖြစ်​​ပေါ်မှု ပျက်​စီးမှု​တွေကို ခန္ဓာတစ်​ပါးချင်းစီအလိုက်​ ​ဖော်​ပြခဲ့​သော လက္ခဏာသုံးပါး ​တော(၁၁)​တော စ​သော ဆင်​ခြင်​နည်းများဖြင့်​ ဆင်​ခြင်​ကြဖို့ အကြံဉာဏ်​​ပေးချင်​ပါသည်​။ဤ​နေရာ၌ ပရမတ္ထုစက္ခုကျမ်းဆရာ​တော်​၏ မိန့်​မှာ​တော်​မူချက်​ကို ​ဖော်​ပြလို​ပေသည်​။ စာ​ပေကျမ်းဂန်​တတ်​၍ပင်​ဖြစ်​​စေ မတတ်​ဘဲကြားနာရသည်​ကို မှတ်​သား၍ဖြစ်​​စေ အဖန်​ဖန်​ ​လေ့လာမပြတ်​ သုံးသပ်​ဆင်​ခြင်​၍ ပညတ်​ကို ပယ်​ထားခွာလှန်​ ကိုယ်​တွင်းရှိ ရုပ်​ နာမ်​ခန္ဓာ၊ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာများကို ခွဲခြမ်းစိတ်​ဖြာနိုင်​ အမိဖမ်းနိုင်​၍ ကိုယ်​ထဲ၌ တတ်​သိ​သော ပညာကို ပရမတ်​မျက်​စိဆိုသည်​။ ကိုယ်​ထဲ၌ တတ်​သိ​သော ပညာမှသာ တဏှာ မာန ဒိဋ္ဌိတို့ကို ပါးရှား​စေနိုင်​ ဖျက်​ဆီးပယ်​နှုတ်​နိုင်​ ကင်းရှင်း​စေနိုင်​သည်​။ (ပရမတ္ထစက္ခုကျမ်း ၊ နှာ-၃၆) စာ​ပေကျမ်းဂန်​ကို တတ်​​သော်​လည်း ကိုယ်​ထဲ၌ မတတ်​သည်​ရှိ​သော်​ တဏှာ မာန ဒိဋ္ဌိ ဖမ်းယူခြင်းခံရ၏။စာ​ပေကျမ်းဂန်​ တတ်​သည်​ဖြစ်​​စေ မတတ်​သည်​ဖြစ်​​စေ ခန္ဓာကိုယ်​ထဲ၌ တတ်​မှသာလျှင်​ တဏှာ မာန ဒိဋ္ဌိကင်းပြတ်​နိုင်​၏။ (ပရမတ္ထစက္ခုကျမ်း၊နှာ၊၃၆) ကွန်​မန့်​၌ဆက်​၍ကြည့်​ရှုရန်