ကထိန်ဟူသည် အကျိုးအာနိသင် ၅ မျိုးကို ပေါင်းရုံး၍ တစ်ပြိုင်နက်တည်း သိမ်းကျုံးရရှိစေလျှက် ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းထောမနာပြုအပ်သော အမှုကိစ္စပင်ဖြစ်၏။ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်အဖြစ်မှ ရဟန်းပြုလာသော ဘဒ္ဒဝဂ္ဂီ မထေရ်တို့ကို အကြောင်းပြုပြီး ကထိန်ခင်းခြင်းအမှုကို မြတ်စွာဘုရားခွင့်ပြုတော်မူခြင်းဖြစ်၏။ မင်းသားတစ်ပါးခေါ်ဆောင်ခဲ့သော ပြည့်တန်ဆာမသည် မင်းသားတို့ အပျော်ကျူးနေကြစဉ် ပစ္စည်း ဥစ္စာကို ယူဆောင်ပြီး ထွက်ပြေး၏။
ဝိပဿနာတရားအားထုတ်သူသည် စိတ်စေတသိက်ရုပ်ဟူသော ပရမတ္ထတရားကို မြင်အောင်ကြည့်ရ၏။ ထိုပရမတ္ထနာမ်ရုပ်သဘာဝတရားများသည် မဖြစ်ပေါ်မီ ရှေးကာလ၌ အစုအပုံအစိုင်အခဲအားဖြင့် မရှိ။ ချုပ်ပျောက်ပျက်စီးဆဲ ကာလ၌လည်း အစုအပုံအစိုင်အခဲမှ လာသည်မဟုတ်။
မဟာသမုဒ္ဒရာအတွင်း၌ သွားလာနေသော လိပ်ကန်းကြီးတစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမြင့်မှ ရေပေါ်သို့ပေါ်လာပြီး လှိုင်းကြမ်းလေထန်ထဲ၌ ရောက်ချင်ရာရောက် မျောပါနေသော ထမ်းပိုး၏အပေါက်နှင့် လိပ်၏ဦးခေါင်း စွပ်မိဖို့ ခက်ခဲသလို လူအဖြစ်ကို ရခဲကြောင်း လူဖြစ်ဖို့မလွယ်ကူကြောင်း မြတ်စွာဘုရား မိန့်တော်မူခဲ့၏။
ဝိပဿနာတရား အားထုတ်လိုသူတို့အတွက် အခြေခံ အပိုင်း(၃)၊ သံသရာမှလွတ်ရာလွတ်ကြောင်း အကျင့်ကောင်းတွေကို မြတ်စွာဘုရားရှင်သည် သူတော်ကောင်းတရားတည်ရှိရာ အဆုံးအမတည်းဟူသော သာသနာတော်၌ (၄၅)ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့၏။
ဘုရားရှင်ကို မပွင့်ထွန်းမပေါ်ပေါက်အောင် တားမြစ်ပိတ်ပင်၍ မရတော့ပါပဲလျှက် မရှေးမနှောင်း ဘုရားတစ်ဆူ မပွင့်ရသနည်းဟူသော မေးခွန်းများမှာ မေးမြန်းချင်စရာပင်ဖြစ်ပါ၏။